ဝီကီမီဒီယာ ဖောင်ဒေးရှင်း
184 languages
- Ænglisc
- Afrikaans
- Alemannisch
- aragonés
- arpetan
- asturianu
- azərbaycanca
- Bahasa Hulontalo
- Bahasa Indonesia
- Bahasa Melayu
- Banjar
- Basa Banyumasan
- Betawi
- Bikol Central
- bosanski
- brezhoneg
- català
- Cebuano
- čeština
- Chamoru
- Chi-Chewa
- Cymraeg
- dagbanli
- dansk
- Deutsch
- eesti
- emiliàn e rumagnòl
- English
- español
- Esperanto
- estremeñu
- euskara
- føroyskt
- français
- Fulfulde
- Gaeilge
- Gaelg
- Gàidhlig
- galego
- Hausa
- hrvatski
- Igbo
- Ilokano
- interlingua
- isiZulu
- íslenska
- italiano
- Jawa
- Kapampangan
- kernowek
- Kiswahili
- Kreyòl ayisyen
- Kumoring
- kurdî
- Ladino
- Latina
- latviešu
- Lëtzebuergesch
- lietuvių
- Limburgs
- Lingua Franca Nova
- Madhurâ
- magyar
- Malagasy
- Malti
- Minangkabau
- Napulitano
- Nederlands
- Nedersaksies
- norsk bokmål
- norsk nynorsk
- occitan
- oʻzbekcha / ўзбекча
- Papiamentu
- Patois
- polski
- português
- Qaraqalpaqsha
- română
- Runa Simi
- Scots
- Setswana
- shqip
- sicilianu
- Simple English
- slovenčina
- slovenščina
- Soomaaliga
- srpskohrvatski / српскохрватски
- suomi
- svenska
- Taclḥit
- Tagalog
- Tiếng Việt
- toki pona
- Türkçe
- Tyap
- Vahcuengh
- vèneto
- vepsän kel’
- võro
- Winaray
- Xitsonga
- Yorùbá
- žemaitėška
- Ελληνικά
- авар
- башҡортса
- беларуская
- беларуская (тарашкевіца)
- български
- гӀалгӀай
- къарачай-малкъар
- кыргызча
- қазақша
- македонски
- нохчийн
- русиньскый
- русский
- саха тыла
- српски / srpski
- татарча / tatarça
- тоҷикӣ
- українська
- хальмг
- чӑвашла
- მარგალური
- ქართული
- Արեւմտահայերէն
- հայերեն
- ייִדיש
- עברית
- ئۇيغۇرچە / Uyghurche
- اردو
- الدارجة
- العربية
- پښتو
- پنجابی
- تۆرکجه
- سنڌي
- فارسی
- کٲشُر
- کوردی
- مازِرونی
- مصرى
- ⵜⴰⵎⴰⵣⵉⵖⵜ ⵜⴰⵏⴰⵡⴰⵢⵜ
- अंगिका
- नेपाली
- पालि
- भोजपुरी
- मगही
- मराठी
- मैथिली
- संस्कृतम्
- हिन्दी
- অসমীয়া
- বাংলা
- বিষ্ণুপ্রিয়া মণিপুরী
- ਪੰਜਾਬੀ
- ગુજરાતી
- ଓଡ଼ିଆ
- தமிழ்
- తెలుగు
- ಕನ್ನಡ
- ತುಳು
- മലയാളം
- සිංහල
- ꠍꠤꠟꠐꠤ
- ไทย
- ລາວ
- တႆး
- ပအိုဝ်ႏဘာႏသာႏ
- ဘာသာမန်
- ᥖᥭᥰ ᥖᥬᥲ ᥑᥨᥒᥰ
- ᱥᱟᱱᱛᱟᱲᱤ
- 한국어
- 中文
- 吴语
- 客家語 / Hak-kâ-ngî
- 文言
- 日本語
- 粵語
- 閩南語 / Bân-lâm-gí
- 閩東語 / Mìng-dĕ̤ng-ngṳ̄
From WikiRecord, the encyclopedia of everything · from the Burmese Wikipedia
| ဖွဲ့တည်ချိန် | စိန့်ပီတာစဘတ်မြို့, ဖလော်ရီဒါပြည်နယ်၊ ဇွန် ၂၀၊ ၂၀၀၃ |
|---|---|
| တည်ထောင်သူ | ဂျင်မီဝေးလ်စ် |
| အမျိုးအစား | အကျိုးအမြတ်မယူသော အဖွဲ့အစည်း |
| ရည်ရွယ်ချက် | အခမဲ့၊ open content၊ ဝီကီအခြေပြု အင်တာနက် ပရောဂျက်များ |
| တည်နေရာ |
|
ဝန်ဆောင်မှုဒေသ | ကမ္ဘာတစ်ဝန်း |
| ဝန်ဆောင်မှုနည်းလမ်း | ဝီကီပီးဒီးယား၊ ဝစ်ရှင်နရီ၊ ဝီကီကိုးကား၊ ဝီကီစာအုပ်၊ ဝီကီရင်းမြစ်၊ Wikimedia Commons၊ ဝီကီမျိုးစိတ်၊ ဝီကီသတင်း၊ ဝီကီဗာစတီ၊ ဝီကီဒေတာ၊ Wikivoyage၊ Wikimedia Incubator နှင့် မေတာ-ဝီကီ |
အရေးကြီးပုဂ္ဂိုလ်များ | Patricio Lorente (ဘုတ်အဖွဲ့ဥက္ကဋ္ဌ)[၁] Lila Tretikov (အမှုဆောင်ဒါရိုက်တာ) |
ဘဏ္ဍာရေး | |
| ကုန်ကျစရိတ်များ | |
အလုပ်သမား | ၂၇၅ ဦးဝန်းကျင် (၂၀၁၅ ဩဂုတ်လအထိ)[၃] |
စေတနာ့ဝန်ထမ်း | ၃၅၉,၀၀၀ (၂၀၀၅)[၄] |
| ဝက်ဘ်ဆိုဒ် | wikimediafoundation.org |
ဝီကီမီဒီယာ ဖောင်ဒေးရှင်း (အင်္ဂလိပ်: Wikimedia Foundation; အတိုကောက် WMF) သည် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဝီကီများစွာကို စီမံခန့်ခွဲနေသည်။ ဌာနချုပ်မှာ ဆန်ဖရန်စစ္စကိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ် တွင် တည်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှာ အင်တာနက် စွယ်စုံကျမ်း ဝီကီပီးဒီးယားကို လွှင့်တင်သည့် အဖွဲ့အစည်းအဖြစ် လူသိများသည်။ ဝီကီပီးဒီးယားအပြင် ဝစ်ရှင်နရီ၊ ဝီကီကိုးကား၊ ဝီကီစာအုပ်၊ ဝီကီရင်းမြစ်၊ Wikimedia Commons၊ ဝီကီမျိုးစိတ်၊ ဝီကီသတင်း၊ ဝီကီဗာစတီ၊ ဝီကီဒေတာ၊ ဝီကီခရီးသွား၊ Wikimedia Incubator နှင့် မေတာ-ဝီကီ တို့ကိုလည်း စီမံခန့်ခွဲလျက်ရှိသည်။
အဖွဲ့အစည်းကို ၂၀၀၃ ခုနှစ်တွင် ဝီကီပီးဒီးယား တွဲဖက်တည်ထောင်သူ ဂျင်မီဝေးလ်စ်မှ ဝီကီပီးဒီးယားနှင့် အခြားသော ညီအစ်မပရောဂျက်များကို အကျိုးအမြတ်မယူသောနည်းဖြင့် ရန်ပုံငွေပံ့ပိုးနိုင်ရန်အတွက် တည်ထောင်ခဲ့သည်။[၅][၆]
၂၀၁၅ ခုနှစ်တွင် ဖောင်ဒေးရှင်း၌ ဝန်ထမ်းပေါင်း ၂၅၀ ခန့်ရှိပြီး နှစ်စဉ်ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိနေပြီဖြစ်သည်။[၇] ဖောင်ဒေးရှင်းကို Lila Tretikov က အမှုဆောင်ဒါရိုက်တာအနေဖြင့် ဦးဆောင်ကာ Patricio Lorente က ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။
သမိုင်းကြောင်း
၂၀၀၁ ခုနှစ်တွင် အင်တာနက် စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သူ ဂျင်မီဝေးလ်စ်နှင့် ဆော့ဖ်ဝဲလ်ရေးသားသူ လာရီဆန်ဂါ တို့သည် အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် ဝီကီပီးဒီးယားကို စတင်တည်ထောင်ခဲ့သည်။ ပရောဂျက်ကို အစောပိုင်းတွင် ဝေးလ်စ်၏ ဘိုးမစ်ကုမ္ပဏီမှ ရန်ပုံငွေထောက်ပံ့ခဲ့သည်။ ဝီကီပီးဒီးယားသည် အရှိန်အဟုန်နှင့်ကြီးထွားလာကာ လူသိများလာခဲ့ပြီးနောက် ပရောဂျက်ကို ရန်ပုံငွေထောက်ပံ့ရန် ဆိုင်းငံ့အချိန်ဆွဲခြင်းခံရခဲ့သည်။[၅] ဝီကီပီးဒီးယားအနေဖြင့် ဘိုးမစ်ကုမ္ပဏီ၏အရင်းအနှီးကို လျော့နည်းလာစေသဖြင့် ဝေးလ်စ်နှင့် ဆန်ဂါတို့သည် ပရောဂျက်ကို ရန်ပုံငွေထောက်ပံ့နိုင်ရန် ပရဟိတအဖွဲ့အစည်းတစ်ခု တည်ထောင်ရန် စဉ်းစားခဲ့ကြသည်။[၅] ၂၀၀၃ ခုနှစ် ဇွန်လ ၂၀ တွင် ဝီကီမီဒီယာ ဖောင်ဒေးရှင်းကို ဝီကီပီးဒီးယားနှင့် နျူပီးဒီးယား တို့ဖြင့် တည်ထောင်ခဲ့သည်။[၆]
၂၀၀၄ ခုနှစ် စက်တင်ဘာ ၁၇ တွင် အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်နှင့် ကုန်သွယ်တံဆိပ်ရုံး၌ ဝီကီပီးဒီးယား ကို ကုန်သွယ်တံဆိပ်မူပိုင် လျောက်ထားခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမှတ်တံဆိပ်အား မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။ အမှတ်တံဆိပ်ကာကွယ်ခြင်းကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံတွင်လည်းကောင်း၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဥရောပသမဂ္ဂတွင် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့သည်။ စာအုပ်များနှင့် ဒီဗွီဒီကဲ့သို့သော အခြားကုန်ပစ္စည်းအချို့တွင် ဝီကီပီးဒီးယားအမှတ်တံဆိပ် အသုံးပြုခြင်းကို လိုင်စင်ခွင့်ပြုရန် ရည်ရွယ်ခဲ့သည်။[၈]
၂၀၀၅ ခုနှစ် ဧပြီလတွင် အမေရိကန် ပြည်တွင်းအခွန်လုပ်ငန်းမှ ဝီကီမီဒီယာ ဖောင်ဒေးရှင်းအား ပညာပေးဖောင်ဒေးရှင်းအဖြစ် သတ်မှတ်ပေးခဲ့သည်။
ဖလော်ရီဒါပြည်နယ် ပြဋ္ဌာန်းဥပဒေများ၏ မှတ်ပုံတင်လိုအပ်ချက်များနှင့် မကိုက်ညီခြင်းကြောင့် ဝီကီမီဒီယာ ဖောင်ဒေးရှင်းအနေဖြင့် သမဝါယမအဖွဲ့အစည်းတစ်ခု ဖြစ်မလာနိုင်တော့ကြောင်းကို ဘုတ်အဖွဲ့မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် အဖွဲ့ဝင်အခွင့်အရေးများ၊ လုပ်ဆောင်ချက်များနှင့် ဆက်စပ်သမျှကို အဖွဲ့အစည်းတွင်း ဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် ဖယ်ရှားခဲ့သည်။ အဖွဲ့အစည်းတွင်း ဥပဒေများကို ပြင်ဆင်ရန် ဆုံးဖြတ်ခြင်းအား ဘုတ်အဖွဲ့မှ တညီတညွတ်တည်း ထောက်ခံခဲ့သည်။[၉]
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုများအား ဆန်ဖရန်စစ္စကို ပင်လယ်အော် ဧရိယာသို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ စိတ်တူကိုယ်တူအဖွဲ့အစည်းများ၊ အလားအလာရှိသော တွဲဖက်များ၊ ပညာရှင်ပေါများခြင်းတို့သာမက စိန့်ပီတာစဘတ်မြို့နှင့်စာလျှင် နိုင်ငံတကာသို့ အဆင်ပြေပြေသွားလာနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်းများကြောင့် ဆန်ဖရန်စစ္စကိုအား ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။[၁၀][၁၁][၁၂]
ဝီကီမီဒီယာ ပရောဂျက်များ
ဖောင်ဒေးရှင်းအနေဖြင့် ဝီကီပီးဒီးယားသာမက အခမဲ့ဖြစ်သည့် အခြားသော ဝီကီများကိုလည်း အသိပညာ ဖြန့်ဝေသည့်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲလျက်ရှိသည့် ပရောဂျက်များတွင် အောက်ပါတို့ပါဝင်သည်။
| အမည်: ဝီကီစာအုပ် ဖော်ပြချက်: ပြဋ္ဌာန်းစာအုပ်များ စုဆောင်းမှု ဝက်ဘ်ဆိုဒ်: //www.wikibooks.org |
အမည်: ဝီကီသတင်း ဖော်ပြချက်: အွန်လိုင်းသတင်းစာ ဝက်ဘ်ဆိုဒ်: //www.wikinews.org |
အမည်: ဝီကီမျိုးစိတ် ဖော်ပြချက်: သက်ရှိမျိုးစိတ်များ၏ အမျိုးအစားခွဲများ စုဆောင်းမှု ဝက်ဘ်ဆိုဒ်: //species.wikimedia.org | |||
| အမည်: ဝီကီဒေတာ ဖော်ပြချက်: အသိပညာ အခြေပြု ဝက်ဘ်ဆိုဒ်: //www.wikidata.org |
အမည်: ဝီကီပီးဒီးယား ဖော်ပြချက်: အွန်လိုင်းစွယ်စုံကျမ်း ဝက်ဘ်ဆိုဒ်: //www.wikipedia.org |
အမည်: ဝီကီဗာစတီ ဖော်ပြချက်: ကျူတိုရီရယ်များနှင့် သင်ရိုးညွှန်းတမ်းများ စုဆောင်းမှု၊ ပူးပေါင်းသုတေသနပြုလုပ်နိုင်ခြင်း ဝက်ဘ်ဆိုဒ်: //www.wikiversity.org | |||
| အမည်: Wikimedia Commons ဖော်ပြချက်: ဓာတ်ပုံများ၊ အသံများ၊ ဗွီဒီယိုများနှင့် အထွေထွေမီဒီယာများ စုဆောင်းထားရှိရာနေရာ ဝက်ဘ်ဆိုဒ်: //commons.wikimedia.org |
အမည်: ဝီကီကိုးကား ဖော်ပြချက်: အဆိုအမိန့်များ စုဆောင်းထားမှု ဝက်ဘ်ဆိုဒ်: //www.wikiquote.org |
အမည်: ဝီကီခရီးသွား ဖော်ပြချက်: ခရီးသွားလမ်းညွှန် ဝက်ဘ်ဆိုဒ်: //www.wikivoyage.org | |||
| အမည်: မေတာ-ဝီကီ ဖော်ပြချက်: ဝီကီမီဒီယာ ပရောဂျက်များ၏ ဗဟိုချက် ဝက်ဘ်ဆိုဒ်: //meta.wikimedia.org |
အမည်: ဝီကီရင်းမြစ် ဖော်ပြချက်: ဒစ်ဂျစ်တယ် စာကြည့်တိုက် Website: //www.wikisource.org |
အမည်: ဝစ်ရှင်နရီ ဖော်ပြချက်: အွန်လိုင်းအဘိဓာန် နှင့် ဝေါဟာရပဒေသာကျမ်း ဝက်ဘ်ဆိုဒ်: //www.wiktionary.org |
ကိုးကား
- ↑ Cbrown1023။ Board of Trustees။ Wikimedia Foundation။ July 22, 2015 တွင် ပြန်စစ်ပြီး။
- 1 2 Wikimedia Foundation, Inc. Financial Statements June, 2013 and 2012 (PDF)။ Upload.wikimedia.org။ December 14, 2013 တွင် ပြန်စစ်ပြီး။
- ↑ Staff and contractors page (Wikimedia Foundation website)။ Wikimedia Foundation။ August 7, 2015 တွင် ပြန်စစ်ပြီး။
- ↑ (ပြင်သစ်) Open for business (၂၀၀၇), Jaap Bloem & Menno van Doorn (trad. Audrey Vuillermier), éd. VINT, 2007 (ISBN 978-90-75414-20-2), p. 93. No official number available since 2006 10 December 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 1 2 3 Neate၊ Rupert။ "Wikipedia founder Jimmy Wales goes bananas"၊ The Daily Telegraph၊ October 7, 2008။ October 25, 2009 တွင် ပြန်စစ်ပြီး။ "The encyclopedia's huge fan base became such a drain on Bomis's resources that Mr Wales, and co-founder Larry Sanger, thought of a radical new funding model – charity."
- 1 2 Jimmy Wales (June 20, 2003)။ Announcing Wikimedia Foundation။ mail:wikipedia-l။ November 26, 2012 တွင် ပြန်စစ်ပြီး။
- ↑ Wikimedia Foundation, Inc. Financial Statements June, 2014 and 2013 (PDF)။ Upload.wikimedia.org။ December 11, 2014 တွင် ပြန်စစ်ပြီး။
- ↑ Nair၊ Vipin။ "Growing on volunteer power"၊ Business Line၊ December 5, 2005။ December 26, 2008 တွင် ပြန်စစ်ပြီး။
- ↑ Bylaws revision.
- ↑ Carlos Moncada (September 25, 2007)။ Wikimedia Foundation Moving To Another Bay Area။ The Tampa Tribune။ 28 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2015 တွင် ပြန်စစ်ပြီး။
- ↑ Richard Mullins (September 26, 2007)။ Online Encyclopedia To Leave St. Petersburg For San Francisco။ The Tampa Tribune။ 28 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2015 တွင် ပြန်စစ်ပြီး။
- ↑ Kim၊ Ryan (October 10, 2007)။ Wikipedia team plans move to San Francisco။ San Francisco Chronicle။ 11 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
- တရားဝင်ဝက်ဘ်ဆိုဒ်
- တရားဝင် ဘလော့ခ်စာမျက်နှာ
- ဝက်ဘ်ဆိုဒ်လမ်းညွှန်
- #wikimedia connect Wikimedia on freenode
- WMF mailing list archives
- Sheldon Rampton's 2003 post on mail.wikipedia.org
- ဝီကီမီဒီယာဖောင်ဒေးရှင်း ၂၀၁၀-၂၂ နှစ်ပတ်လည် အစီအစဉ်များ၊ WMF wiki
- ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ဘဏ္ဍာရေး အစီရင်ခံစာ၊ WMF wiki
- ဝီကီမီဒီယာ ဖောင်ဒေးရှင်း နှစ်ပတ်လည် အစီရင်ခံစာ၊ WMF wiki
- ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ဌာနတွင်းနည်းဥပဒေများ၊ WMF wiki
အခြား
- ဝီကီမီဒီယာ ဖောင်ဒေးရှင်း companies grouped at OpenCorporates
- The Wikimedia Foundation profile at Charity Navigator, charitynavigator.org
- Organizational Profile 29 December 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . – National Center for Charitable Statistics (Urban Institute)
တွစ်တာပေါ်ရှိ ဝီကီမီဒီယာ ဖောင်ဒေးရှင်း